Like us on Facebook

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

12/01/2018

CD/DVD ခွေဘယ်လို Burn မလဲ - အခွေမကူးတတ်သေးတဲ့ သူများအတွက် ခွေကူးနည်း လမ်းညွှန်

3 Oct 12, 06:15 PM
ဇော်ဖော်:
အကိုရေ လာလည်သွားတယ်နော် ဟဲဟဲ........ နေကတိုင်းကိုကြည့်ဖြစ်ပါတယ် အကိုဆိုဒ်ကို နည်းပညာတွေ ဒီထက်မက မျှဝေနိုင်ပါစေလို့ ဆုတောင်းပါတယ်အကို vcd/dvd software လေးတစ်ခုနဲ ခွေကူးပုံးလေး တင်ပြပေးပါအုံးအကိုေ
13 Oct 12, 10:52 PM
ဇော်ဖော်:
အကိုရေ ကူညီပါအုံးဗျို့ img software လေးနဲ့  ခွေကူးပုံကူးနည်းလေးတွေ ဖော်ပြပေးပါအုးံးနော် မလုပ်တတ်လို့ပါဗျာ ကူးညီပါအုံး
အစဉ်သဖြင့် ကျနော့် Blog လေးက မသိသေး၊ မလုပ်တတ်သေးတဲ့ ညီအစ်ကို မောင်နှမများ အတွက် ဦးစားပေး၊ ရည်ရွယ်ခဲ့တာပါ.. အခြေခံနည်းပညာလေးတွေကို အားလုံးလုပ်တတ်၊ ကိုင်တတ်ရှိဖို့ ကိုပဲ ရည်ရွယ်ပါတယ်.။ ကွန်ပျူတာကို ကျွမ်းကျင်ပြီးသား သူများအနေနဲ့ ကျနော့် Blog လေးက ရယ်စရာ၊ ကလေးကစားစရာ Blog လေးတခုလို ဖြစ်နေပါလိမ့်မယ်.. ကျနော့်လို Blog မျိုး ရှိကောင်းရှိနိုင်ပါတယ်.. ဒါပေမယ့် ကျနော်ရှာလို့ မတွေ့သေးပါ.. ကျနော် ဆော့ဝဲလ်တခု တင်ပေးလိုက်ရင် အနည်းဆုံးတော့ အကြမ်းမျဉ်း သုံးတတ်အောင် ကျနော်ရှေ့ကနေ လုပ်ပြပေးတာ အကျင့်လိုဖြစ်နေပါပြီ.. အဲ့အတွက် ကျနော် အချိန်တွေ အများကြီးပေးရပါတယ်.. ပုံတွေများရင် များသလို နာရီပေါင်း များစွား အချိန်ကုန်ပါတယ်.. ကျနော်မအားတဲ့ ရက်တွေမှာ မေးထားတဲ့ မေးခွန်းလေးတွေ ၊ တောင်းထားတဲ့ ဆော့ဝဲလ်တွေ တင်မပေးနိုင်ခဲ့ရင် နားလည်ပေးကြပါဗျာ.. တခြား Blog တွေလို တစ်ရက်ထဲ ဆော့ဝဲလ် ၅ခု၊ ၁၀ခု တင်ပေးလို့ ရပါတယ်.. ဒါပေမယ့် သူငယ်ချင်းတို့ သုံးလို့ရချင်မှ ရမယ်.. သုံးတတ်ချင်မှ သုံးတတ်မယ်.. အဲ့လိုဆို ပေးတဲ့လူအတွက်လည်း အကျိုးမရှိဘူး.. ဒေါင်းယူရတဲ့ လူအတွက်လည်း အချိန်ကုန်ပြီး အကျိုးမရှိဘူး.. ကျနော်အဲ့လို တွေးမိပါတယ်.. ဒါကြောင့် ကျနော်တခုခုတင်လိုက်တိုင်း သုံးတတ်ပြီး ၊ သုံးလို့ရပြီး အကျိုးရှိတာလေးတွေကိုပဲ တင်ပေးချင်ပါတယ်.. ပိုစ့်တင်တာ နည်းတဲ့ အခါကျရင်တော့ ကျနော်မအားလို့ဆိုတာ နားလည်ပေးကြပါဗျာ..
အခုဒီပိုစ့်လေးကို ကျနော့်သူငယ်ချင်း တော်တော်များ ကလည်း မသိသေး ၊ မလုပ်တတ်သေးလို့ ဒီအခွေကူးနည်း လေးကို တင်ပေးလိုက်ပါတယ်.. ကျနော့် Blog မှာတင်ပေးထားပြီးသား ရှိတဲ့ Ashampoo Burning Studio 11 နဲ့ Nero 8 Essential ဆော့ဝဲလ်တွေကို အသုံးပြုပြီး လုပ်ပြပေးထားပါတယ်.. လိုအပ်တဲ့သူများ အဲ့ဒီ Burning Tool တွေကို ဒေါင်းယူလိုက်ပါဗျာ..

ဒီပိုစ့်မှာ Mp3 သီိချင်းတွေကို CD နဲ့ ခွေကူးပြထားပါတယ်.. Slide Show တွေ၊ မိသားစု ရိုက်ထားတဲ့ Video တွေကို DVD ခွေနဲ့ကူးရင်လည်း ဒီနည်း အတိုင်းပါပဲ.. လုပ်နည်းက အတူတူပါပဲ.. ဝင်ရမယ့်နေရာ နည်းနည်းရွေးပေးဖို့ပဲ လိုတာပါ.. 
အရင်ဆုံး ကျနော် Ashampoo Burning Studio 11 နဲ့ အရင်လုပ်ပြထားပါတယ်.. အဲ့တော့ အောက်က ပထမပုံကတော့ Video တို့၊ Slide Show တို့ကို DVD နဲ့ ကူးမယ်ဆိုရင် A, B အတိုင်း နှိပ်ပြီး လုပ်ပေးယုံပါပဲ.. C နေရာကတော့ VCD ခွေကူးဖို့ပါ..။ ခွေကူးနည်းကတော့ အောက် ဒုတိယပုံနောက်ပိုင်း လုပ်ပြထားတဲ့ ပုံတွေနဲ့ သိပ်မကွာပါဘူး.. ကျနော့်ဆီမှာ MP3 သီချင်းတွေပဲ ရှိတဲ့ အတွက် အောက်ဒုတိယပုံ ကနေစပြီး ဆက်ကြည့်ပေးပါ.. နောက်ပြီး Windows Media Player နဲ့ သီချင်းတွေကို တပုဒ်ပြီးတပုဒ် လာအောင် ဖွင့်နည်းလေးပါ သူငယ်ချင်းတယောက် တောင်းထားလို့ ဒီပိုစ့်မှာ တခါတည်း လုပ်ပြထားပါတယ်..

MP3 သိချင်းတွေကို CD ခွေနဲ့ကူးဖို့ အောက်ကပုံအတိုင်း 1, 2 အတိုင်း နှိပ်ပြီး လုပ်ပါတယ်..




ပေါ်လာတဲ့ ပုံတွေအတိုင်း (အပေါ်ပုံတွေလို) အဆင့်ဆင့် နှိပ်ပေးလိုက်ပါ..။ အောက်ကပုံ အဆင့်ကို ရောက်ပြီဆိုရင် ပေါ်လာတဲ့ ဘောက်စ်ထဲမှာ မိမိတို့ ခွေကူးချင်တဲ့ သီချင်း ( Video တို့၊ Slide Show တို့) တွေကို မျှားပြထားတဲ့ အတိုင်း မိမိတို့ သိမ်းထားတဲ့ ဖိုဒါထဲမှာ သွားရှာပေးပါ.. အောက်ကပုံမှာတော့ ကျနော် ခွေကူးမယ့် MP3 သိချင်းတွေကို ရှာပြထားပါတယ်.. တွေ့ပြီဆိုရင် တခုထဲဆိုရင် တချက်ကလစ်ရင် ရပါပြီ.. သီချင်းတွေ အများကြီးဆိုရင်တော့ ကီးဘုတ်က ရှော့ကပ်ကီး Ctrl+A နဲ့ All Select ပေးလိုက်ပါ.. ပုံမှာပြထားသလို အပြာရောင်လေးတွေ ဖြစ်သွားရင် မျှားပြထားတဲ့ အတိုင်း အောက်ဆုံးက Add ကို ကလစ်ပေးလိုက်ပါ..


အောက်ကပုံ အတိုင်း ဆက်ပေါ်လာရင် ခဏစောင့်ပေးလိုက်ပါ..



အပေါ်ပုံအတိုင်း ပေါ်လာရင်တော့ ခွေကူးလို့ ရပါပြီ.. MP3 သီချင်းတွေကို CD နဲ့ ကူးလို့ ရမရ၊ အပေါ်ပုံ အောက်နားက လေးထောင့်ကွက်သေးလေးထဲမှာ 198.5 MB လို့ ပြထားပါတယ်.. CD တချပ်မှာ 700 MB ရှိတဲ့ အတွက် ဒီသီချင်းတွေကို CD နဲ့ကူးယူလို့ ရပါတယ်..။ တကယ်လို့ မိမိခွေကူးမယ့် သီချင်း (သို့) Slide Show က 700 MB ကျော်နေရင်တော့ CD သုံးလို့ မရပါဘူး.. DVD နဲ့ပဲ ခွေကူးလို့ ရမှာ.. Video ဖိုင်တွေ ဆိုရင်တော့ VOB / AVI ဖေါ်မတ်ပြောင်းပြီး DVD ခွေနဲ့ကူးပါ.. ဖေါ်မတ်ပြောင်းဖို့ ဆိုရင်တော့ Format Factory ဆော့ဝဲလ်လေးက အသုံးဝင်ပါတယ်.. လိုအပ်တဲ့သူများ အဲ့ဒီဆော့ဝဲလ်တင်ပေးထားတဲ့ ပိုစ့်မှာ သွားပြန်ယူနိုင်ပါတယ်.. အသုံးပြုပုံလေးပါ ပြပေးထားပါတယ်.. အပေါ်ပုံမှာ အခွေကူးတော့မှာ ဖြစ်တဲ့ အတွက် မျှားအနီပြထားတဲ့ အောက်ဆုံးက Next ကိုနှိပ်ပါတယ်.. အောက်ကပုံ အတိုင်းပေါ်လာရင် ခဏစောင့်ပေးလိုက်ပါ..


ဒီအောက်ကပုံ အတိုင်းပေါ်လာရင် အခွေမထည့်ရသေးတာ ဖြစ်တဲ့ အတွက် မျှားပြထားတဲ့ အတိုင်း Open Tray ကို နှိပ်ပါ.. အဲ့ဒီနေရာကို နှိပ်လိုက်တာနဲ့ မိမိတို့ရဲ့ DVD ROM ကထွက်ကျလာပါလိမ့်မယ်.. အဲ့ဒါဆိုရင် ခွေအသစ်ထည့်ပေးပြီး ပြန်ပိတ်ပေးလိုက်ပါ.. အခွေကူးတဲ့ အခါမှာ အနာအစာ မရှိတဲ့ အခွေသစ်ပဲ ဖြစ်ရပါမယ်..


အခွေထည့်ပေးပြီးလို့ရှိရင်တော့ ဒီကောင်လေးက အခွေကို စစ်ပါလိမ့်မယ်.. Burn လို့ရတဲ့ ခွေ ဖြစ်မဖြစ်..။ Burn လို့ရတယ်ဆိုရင် အောက်ကပုံလိုမျိုး အမှန်ခြစ်လေး ပေါ်လာပါလိမ့်မယ်.. အဲ့ဒါဆိုရင် အောက်ဆုံးက Write (Write CD) ကို နှိပ်ပေးလိုက်ပါ..။


အောက်ကပုံတွေအတိုင်း အခွေ Burn ဖို့ ပြင်ဆင်ပြီး၊ အဆင့်ဆင့် ခွေကူးပါလိမ့်မယ်.. ဘာမှ လုပ်ပေးဖို့ မလိုတော့ပါဘူး.. ထိုင်ကြည့်နေယုံပါပဲ..




အခွေကူးလို့ ပြီးသွားရင်တော့ သူ့ဖာသာ အခွေထုတ်ပေးပါလိမ့်မယ်.. ကူးပြီးသား အခွေကို ယူပြီး ပြန်ပိတ်ပေးလိုက်ပါ..။ အောက်ကပေါ်လာတဲ့ ဘောက်စ်လေးမှာ OK ပေးလိုက်ပါ..



အခွေကူးစရာ မရှိတော့ဘူး ဆိုရင်တော့ အပေါ်ပုံအတိုင်း Exit နဲ့ ထွက်လို့ ရပါပြီ.. ဒါဆိုရင် အခွေကူးနည်း ပြီးသွားပါပြီ.. Nero8 နဲ့ခွေကူးချင်တဲ့သူများကတော့ အောက်ဆုံးပုံတွေမှာ ဆက်ကြည့်ပေးပါ.. ဒီအောက်ကပုံကတော့ အခုကူးလိုက်တဲ့ ခွေကို ပြန်ထည့်ပြီး သီချင်း ဖွင့်ကြည့်တာပါ.. MP3/CD/DVD Player တွေနဲ့ ဖွင့်လို့ ရသွားပါပြီ.. ဒီပိုစ့်မှာတော့ တခါတည်း Windows Media Player နဲ့ သီချင်းတွေကို တပုဒ်ပြီး တပုဒ် ဆက်တိုက်လာအောင် ဘယ်လိုဖွင့်ရမလဲဆိုတာ မသိသေးတဲ့ သူများအတွက် ဆက်ပြပေးထားပါတယ်.. မသိသေးတဲ့ သူများ ဆက်ကြည့်ပေးပါ..


ကျနော်တို့ CD ထဲက သီချင်းတွေပဲ ဖြစ်ဖြစ်၊ ဖိုဒါထဲမှာ သိမ်းထားတဲ့ သီချင်းတွေပဲ ဖြစ်ဖြစ်၊ တပုဒ်ပြီး တပုဒ် ဆက်တိုက်လာအောင် အောက်ကပုံလေးအတိုင်း ဖွင့်လိုက်ရင် သီချင်းတွေ ဖိုဒါထဲ ၊ CD ထဲမှာ ရှိသလောက် ဆက်တိုက်လာနေပါလိမ့်မယ်..
အဲ့တော့ သီချင်းရှိတဲ့ ဖိုဒါကို အရင်ဖွင့်ပါ.. ဒီမှာတော့ အခု ခွေကူးလိုက်တဲ့ CD နဲ့ လုပ်ပြထားပါတယ်.. လုပ်နည်းအတူတူပါပဲ.. မိမိတို့သီချင်းတွေ ပေါ်လာပြီဆိုရင် အောက်ကပုံအတိုင်း သီချင်းအားလုံးကို ကီးဘုတ်က Ctrl+A နဲ့ အောစလက်ပေးလိုက်ပါ.. ပြီးရင် အဲ့ဒီပေါ်မှာ Right Click ထောက်ပြီး ပုံမှာပြထားတဲ့ အတိုင်း Add to Windows Media Player List ကို ကလစ်ပေးလိုက်ရင် သီချင်းတွေ တပုဒ်ပြီး တပုဒ် ပြီးတဲ့ အထိ လာနေပါလိမ့်မယ်..


အောက်ကပုံအတိုင်း သီချင်းတွေ တပုဒ်ပြီး တပုဒ် ဆက်တိုက်လာနေပါပြီ..


 -----------------                 -------------------------------                     ---------------------

ဒီအောက်မှာတော့ Nero8 Essentials နဲ့ အခွေကူးပြထားပါတယ်.. အပေါ်ပုံတွေနဲ့ လုပ်နည်းအတူတူပါပဲ.. အဝင်မှာ နည်းနည်း မတူတာလေးပါပဲ.. ကျန်တာအားလုံး အတူတူပါပဲ.. MP3 ဆိုရင် အောက်ကပုံအတိုင်း သွားရင်လည်း ရပါတယ်.. ဒုတိယပုံနဲ့ ပိုလွယ်တဲ့ အတွက် ဒုတိယပုံနဲ့ လုပ်ပြထားပါတယ်..


ဒီအောက်ကပုံအတိုင်း Data Burning ကိုနှိပ်ပါ..



အပေါ်ပုံအတိုင်း Add ကနေ နှိပ်ပြီး အောက်ကပုံအတိုင်း မိမိတို့သိမ်းထားတဲ့ MP3 သီချင်းတွေကို  ယူပါတယ်.. တွေပြီဆိုရင် Ctrl+A နဲ့ အောစလက်ပေးပြီး ပုံရဲ့အောက်ဆုံးက Open ကို ကလစ်ပါ..


အောက်ကပုံအတိုင်း သီချင်းတွေ ရောက်သွားပြီဆိုရင် Name မှာ မိမိတို့ ကြိုက်တဲ့ နာမည်ပေးလို့ ရပါတယ်..

CD နဲ့ ရမရ သိရအောင် လိုအပ်တဲ့ ဖိုင်ဆိုဒ်ကို ကြည့်ပြီး Burn ကို နှိပ်ပါ.. အဲ့ဒါဆို DVD ROM ထွက်ကျလာရင် အခွေသစ်ထည့်ပေးလိုက်ပါ.. အပေါ်ဆုံးပုံတွေ အတိုင်း သူ့ဖါသာ အလုပ်လုပ်နေပါလိမ့်မယ်.. ပြီးသွားရင် အခွေထုတ်ပေးရင် ယူပြီး ပြန်ပိတ်ပေးလိုက်ပါ.. နောက်ပိုင်း အဆင့်တွေမှာတော့ Burning Tool တွေက အတူတူပါပဲ..
အောက်ကပုံကတော့ Nero8 နဲ့ Photo Slide Show လုပ်လို့ ရတဲ့ နေရာလေးပါ ပြပေးလိုက်ပါတယ်..

ဒီလောက်ဆိုရင်တော့ အခွေမကူးတတ်သေးတဲ့ သူများ အခွေကူးတတ်လောက်ပါပြီ..

ဖုန်းအထွက်​ Call ပိတ်​နည်း/ဖွင့်နည်း


မင်္ဂလာပါ ဖုန်းအထွက်​​ Call ကိုခနပိတ်​ထားချင်​သူများအတွက်​ ပိတ်​နည်းနဲ့ဖွင့်​နည်း​လေးကို တင်​​ပေးလိုက်​ပါတယ်​ မည့်​သည့်​ဆင်းကဒ်​မဆို ယခုနည်းကိုအသုံးပြုနိုင်​ပါတယ်​...။

့အဆင်​​ပြေကြပါ​စေဗျာ

Video Editing အခြေခံ လေ့ကျင့်ခန်း အပိုင်း-တစ်

Video Edit လုပ်နည်း လေ့ကျင့်ခန်းလေးတွေကို တောင်းထားတဲ့လူလည်းများသလို ကျနော်လည်း တင်ပေးချင်နေတာ ကြာပါပြီ..။ လွယ်ကူပြီး အခြေခံလုပ်နည်းလေးတွေလည်း ဖြစ်မယ့် အပိုင်းလေးတွေကို စဉ်းစားရင်း ပုံတွေ ထုတ်လိုက်တာ အတော်လေးများသွားပါတယ်..။ ဒါကြောင့် အပိုင်း ၁-၂-၃ စသဖြင့် အပိုင်းလေးတွေနဲ့ ပိုစ့်တွေခွဲပြီး တင်ပေးပါ့မယ်..။ ဒီနေ့ပိုစ့်မှာတော့ MP4 video ဖိုင်လေးတွေနဲ့ လုပ်ပြပေးထားပြီး တခြား video ဖိုင်တွေကိုလည်း ဒီနည်းတွေနဲ့ပဲ လုပ်ယူတာဖြစ်ပါတယ်..။ အဓိက ကတော့ ပုံထွက်ကောင်းဖို့၊ video ဆေးသား ဆေးရောင်လှဖို့နဲ့ အသံကြည်လင်ဖို့ ဆိုရင် မိမိတို့ ဖြတ်ဆက်ထည့်မယ့် Video ဖိုင်က ဖိုင်ဆိုဒ်ကြီးကြီးနဲ့ ဒေါင်းယူတတ်ဖို့လိုပါတယ်..။ ဥပမာ ဒီပိုစ့်မှာ လုပ်ပြထားတဲ့ video ဖိုင်တွေဆိုရင် MP4 width နဲ့ height မှာ 1280x720 ဆိုဒ်တွေနဲ့ အသုံးပြုထားတာ ဖြစ်ပါတယ်..။ အသေးဆုံးဆိုရင်တော့ MP4 960x720 လောက်ထိပဲ ဆိုဒ်သေးတာ ကောင်းပါတယ်..။ သူ့ထက်ဆိုဒ်သေးလွန်းရင် ရုပ်ပုံတွေ အထွက်မှာ ဝါး သွားတတ်ပါတယ်..။ ဆိုဒ်ကြီးရင်တော့ ဘယ်လောက်ကြီးကြီး ဆိုဒ်ကြီးလေး video edit လုပ်တဲ့အခါ ရုပ်ထွက်နဲ့ ဆေးရောင်တွေ လှလေပါပဲ..။ 
မိမိတို့ကိုယ်ပိုင် ကင်မရာနဲ့ ရိုက်ယူထားတဲ့ video ဖိုင်တွေဆိုရင်တော့ စက်ပစ္စည်းပေါ်မူတည်ပြီး ပစ္စည်းကောင်းရင် ကောင်းသလို video တွေလည်း ကြည်လင်ပြတ်သားမှာ ဖြစ်ပါတယ်..။ အဓိက ကတော့ မူရင်းကောင်းမှ ဖြတ်ဆက်လုပ်တဲ့အခါ video ရုပ်ထွက် ကောင်းမှာပါ..။ ဒီ video editing အခြေခံ လုပ်နည်းလေးတွေကို လေ့လာခါစလူသစ်တွေအတွက် အသုံးပြုရလွယ်ကူစေမယ့် Cyberlink Power Director 11 နဲ့ လုပ်ပြပေးထားပြီး.. ဒီဆော့ဝဲလ်ကို မရှိသေးတဲ့သူများနဲ့ လိုအပ်တဲ့သူများ ဒေါင်းယူလို့ရအောင် ဒီပိုစ့်နှင့်အတူ ပြန်တင်ပေးလိုက်ပါတယ်..။
Cyberlink Power Director 11

Cyberlink Power Director 11 ကို ဟိုးအရင်ကလည်း တင်ပေးခဲ့ဖူးပါတယ်..။ အခုက အဲ့ဒီကောင်လေးကို ပြန်တင်ပေးလိုက်တာပါ..။ သုံးရအဆင်ပြေလို့ ကျနော်မကြာခဏအသုံးပြုတဲ့ဆော့ဝဲလ်လေးပါ..။ အောက်ကပုံလေးအတိုင်း ဒီကောင်လေးကို Install ထည့်တဲ့အခါမှာတော့ Setup ဖိုင်ကို အရင် ထည့်ပါ..။ Setup ဖိုင်ကို Install ပြည့်ရင်ပိတ်ပစ်လိုက်ပြီးမှ Update ဖိုင် ထပ်ထည့်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ရသွားပါပြီ..။


အသုံးပြုဖို့ဖွင့်လိုက်တဲ့အခါမှာတော့ အောက်ကပုံလေးအတိုင်း ကျနော်က 16:9 Screen အကျယ်နဲ့ အသုံးပြုပါတယ်..။ 4:3 ကို အသုံးပြုလိုတဲ့သူများကလည်း ၎င်းကို အသုံးပြုနိုင်ပါတယ်..။ ပြီးရင်တော့ Full Feature Editor ကို ရွေးပါ..။


အောက်ကပုံလေး ၃-ပုံမှာတော့ မိမိတို့ ထည့်သုံးလိုတဲ့ video နဲ့ သီချင်း mp3 or wav ဖိုင်ကို ဝင်ယူလို့ရတဲ့ နေရာလေးပါ..။




ကျနော် အသုံးပြုမယ့် သီချင်းတစ်ပုဒ်ကို အပေါ်ကပုံအတိုင်း ဝင်ယူလိုက်ပါတယ်..။ ပြီးရင်တော့ အသုံးပြုမယ့် video ဖိုင်ကိုလည်း အပေါ်ကနည်းအတိုင်း အပေါ်ကနေရာကနေပဲ အောက်ကပုံလေးအတိုင်း ဝင်ယူပါတယ်..။


ပြီးရင်တော့ video ဖိုင်ကို အောက်ကပုံလေးအတိုင်း ဖြတ်ဆက်လုပ်လို့ရတဲ့ Time Line 1. ရဲ့ ဖလင်ပုံလေး ပေါ်နေတဲ့နေရာ လိုင်းထဲ မောက်စ်နဲ့ ဖိဆွဲထည့်ပေးလိုက်ပါ..။ ကြည့်ရရှင်းအောင် မျဉ်းနီတွေနဲ့ ပြပေးထားပါတယ်..။ video ၊ သီချင်း၊ ပုံတွေနဲ့ Effects တွေကို Time Line ထဲ ဆွဲထည့်တဲ့အခါ အောက်ပုံလေးမှာ မျှားနီအောက်မှ (Shape) အရိပ်နဲ့ ပေါ်နေတဲ့အတိုင်း မြင်ရမှာ ဖြစ်ပါတယ်..။


အရင်ဆုံး video တွေကို ဖြတ်ရမှာဖြစ်လို့ Time Line ထဲမှ ကြည့်လို့ ၊ လုပ်လို့ အဆင်ပြေမယ့် နေရာမှာ ခဏချထားလိုက်ပါ..။ အောက်ကပုံလေးအတိုင်း..



အပေါ်ပုံအတိုင်း ဆက်ပေါ်လာရင် OK ပေးလိုက်ပါ..။ နောက်တခုကတော့ အောက်ကပုံလေးတွေမှာ ပြထားတဲ့ မျှားနီပြထားတဲ့ နေရာလေးမှာ အရင်ဝင်ပြင်ထားပါ..။ အမှန်ခြစ်လေးတွေ ပေးထားလိုက်ပါ..။ High Preview Resolution နေရာကို ရွေးထားရင် video ကြည့်လို့ ကောင်းပေမယ့် စာသားတွေနဲ့ Effects တွေ နောက်မှ  လိုက်ထည့်တဲ့အခါ ၎င်းနေရာမှာထားတဲ့အတွက် play ကြည့်တဲ့အခါ ထစ်ငေါ့ငေါ့ ဖြစ်နေတတ်ပါတယ်..။ အဲ့လိုဖြစ်နေရင်တော့ Normal Preview Resolution ဒါမှမဟုတ် Low Preview Resolution နေရာတွေကို ပြောင်းထားပြီး စာသားနဲ့ သီချင်းကို ချိန်မှ အဆင်ပြေပါတယ်..။ Video Output ထုတ်ရင်တော့ ဒီ Preview Resolution နေရာမှာ မြင်ရတဲ့အတိုင်း ပေါ်မှာမဟုတ်ပါဘူး..။ MP4 or AVI or MPEG2 စတဲ့ video ဖေါ်မတ်တွေရဲ့ Quality အတိုင်း ဖန်တီးပေးမှာ၊ ပေါ်လာမှာ ဖြစ်ပါတယ်..။



အပေါ်ပုံမှာတော့ TV Screen မှာ ပေါ်နေမယ့် အကျယ်အဝန်းကို ပြပေးတဲ့နေရာလေးပါ..။ ON ထားပြီး ချိန်ရင် ပိုအဆင်ပြေပါတယ်..။
အပေါ်ကပုံတွေအတိုင်း ချိန်ပြီးရင်တော့ အောက်ကပုံမှာ မြင်ရတဲ့အတိုင်း Time Line ထဲရောက်နေတဲ့ video ဖိုင်လေးပေါ်မှာ Right Click >> Unlink Video and Audio စာသားကို တချက်ကလစ်ပြီး video ရဲ့ ရုပ်နဲ့အသံကို ခွဲထုတ်ပါမယ်..။ မိမိတို့ ပစ်ထုတ်လိုတဲ့ video ထဲက အသံ သို့မဟုတ် ရုပ်ပုံတွေကို ဒီနည်းနဲ့ အသုံးပြုပြီး ခွဲထုတ် ပစ်ထုတ်လိုက်လို့ ရပါတယ်..။ ဒီမှာတော့ ကျနော်က video ရဲ့ ရုပ်ပုံတွေကိုပဲ ယူမှာဖြစ်လို့ အသံကို ထုတ်ပစ်ပါမယ်..။



အပေါ်ကပုံလေးအတိုင်း မိမိတို့ အသုံးမလိုတဲ့.. ဒီမှာတော့ အသံဖိုင်ပေါ်မှာ တချက်ကလစ်ပြီး၊ အသံဖိုင်ပေါ်မှာသာ အပြာရောင်လေးပေါ်နေမှ.. Right Click >> Remove နဲ့ ပစ်လိုက်ပါတယ်..။ Time Line ရဲ့ အပေါ်မှာရှိတဲ့ အမှိုက်ပုံလေးကို နှိပ်ပြီး ဖျက်ရင်လည်း အတူတူပါပဲ..။
အောက်ကပုံအတိုင်း video ရဲ့ ရုပ်ဖိုင်ပဲ ကျန်နေမှာ ဖြစ်ပြီး အသံဖိုင်ကိုတော့ ခွဲထုတ် ပစ်လိုက်ပါပြီ..။ မျှားနီပြထားတဲ့နေရာကတော့ ကျနော်တို့ video ရဲ့ ရုပ်ပုံတွေနဲ့ အသံဖိုင်တွေကို အကြီးချဲ့ကြည့်လိုတဲ့အခါ အောက်ကပုံလေးအတိုင်း မျှားပြထားသလို မောက်စ်ပုံလေး ပြောင်းသွားရင် ဆွဲချဲလိုက်လို့ ရပါတယ်..။


အောက်ကပုံအဆင့်မှာတော့ ကျနော်တို့ video ရဲ့ ရုပ်အပိုင်းတွေကို လိုချင်တဲ့နေရာလေးကိုပဲ ယူမှာဖြစ်တဲ့အတွက် video ကို play ကြည့်သော်လည်းကောင်း၊ Time Line ရဲ့ ပေတံလေးကို ဆွဲသွားလိုက်ရင်သော်လည်းကောင်း ချိန်ကြည့်ယူလို့ ရမှာ ဖြစ်ပါတယ်..။


နောက်တခုက အတိအကျ ဖြစ်လိုရင်တော့ play နေရာရဲ့ အပေါ်ဘေးမှ မိနစ်၊ စက္ကန့်တွေ တွက်ပေးတဲ့ ပြပေးထားတဲ့ နေရာအကွက်လေး ကနေလည်း လိုသလို ဂဏာန်းတွေ ရိုက်ထည့်ပြီး ချိန်ယူဖြတ်လို့ ရပါတယ်..။ ကျနော်တို့ အောက်ကပုံလေးအတိုင်း ဖြတ်မယ့်နေရာကို ရွေးယူပြီးရင်တော့ play ကို pause နဲ့ ရပ်ထားလိုက်ပါ..။ ပြီးရင် အောက်ကပုံလေးအတိုင်း Split စာသားလေးကို တချက်နှိပ်ပြီး ဖြတ်လိုက်ပါ..။


ဖြတ်မယ့်အပိုင်း ရှေ့အပိုင်း ဒါမှမဟုတ် နောက်အပိုင်းကို မောက်စ်နဲ့ တချက်ကလစ်ပါ..။ မိမိတို့ မောက်စ်နဲ့ ကလစ်လိုက်တဲ့အပိုင်းလေးကို အပြာရောင်လေးနဲ့ အောက်ကပုံလေးအတိုင်း မြင်ရမှာဖြစ်ပါတယ်..။ အဲ့ဒီအပိုင်းကို ပစ်ထုတ်မယ်ဆိုရင်တော့ မျှားပြာထားတဲ့ အမှိုက်ပုံးလေးကို တချက်နှိပ်ပေးလိုက်ပါ..။ ပြီးရင်တော့ အောက် ဒုတိယပုံလေးအတိုင်း ဆက်လုပ်ပေးလိုက်ပါ..။




အပေါ်ပုံမှာ အဝါရောင်နဲ့ ပြထားတဲ့နေရာမှာ ဖြတ်ထုတ်ပစ်လိုက်တဲ့အပိုင်းလေး မရှိတော့ပါဘူး..။ အောက်ကပုံလေးမှာ video ဖိုင်ရဲ့ မလိုချင်တဲ့ နောက်ပိုင်း အပိုင်းလေးကို အပေါ်နည်းအတိုင်း ချိန်ကြည့်ပြီး ဖြတ်ထုတ်ပစ်လိုက်ပါတယ်..။




အမှိုက်ပုံးလေးကို နှိပ်ပြီး ထုတ်ပစ်လိုက်လို့ရသလို Remove နဲ့ ထုတ်ပစ်လည်း ရပါတယ်..။ ဒါဆိုရင် ကျနော်လိုချင်တဲ့ အလယ်က အပိုင်းလေးကို ရရှိပါပြီ..။ အောက်ကပုံမှာ နောက် video တခုကို အပေါ်ပိုင်းကနည်းအတိုင်း မောက်စ်နဲ့ဖိဆွဲပြီး ယူထည့်ပါတယ်..။



ပြီးရင်တော့ အပေါ်ဆုံးမှာ အသုံးပြုခဲ့တဲ့ နည်းတွေအတိုင်းပဲ video ရဲ့ ရုပ်နဲ့အသံကို Time Line ထဲရောက်နေတဲ့ video ဖိုင်လေးပေါ်မှာ Right Click >> Unlink Video and Audio စာသားကို ကလစ်ပြီး ခွဲထုတ် ၊ အမှိုက်ပုံးလေးကို နှိပ်ပြီး ပစ်ထုတ်လိုက်ပါတယ်..။ အောက်ကပုံလေးအတိုင်း မြင်ရမှာ ဖြစ်ပါတယ်..။ မျှားဝါနဲ့ ပြထားတာကတော့ ဒီ video ရဲ့ ရှေ့နဲ့ နောက်ပိုင်း မလိုတဲ့ အသုံးမပြုလိုတဲ့ အပိုင်းတွေကို play or Time Line ပေတံလေးနဲ့ ချိန်ကြည့်ပြီး  အပေါ်ကလုပ်နည်းအတိုင်း Split နဲ့ ဖြတ်ထုတ်ပစ်လိုက်ပါတယ်..။



Split နှိပ်ပြီးရင်တော့ အမှိုက်ပုံးလေးကို ဆက်နှိပ်ပြီး ထုတ်ပစ်လိုက်ပါ..။ အောက်ကပုံမှာလည်း အဝါရောင်နဲ့ ပြပေးထားတဲ့ အပိုင်းကို Split >> Remove အမှိုက်ပုံလေးကို နှိပ်ပြီး ဖြတ်ထုတ်ပစ်လိုက်ပါတယ်..။


အပေါ်ပုံတွေအတိုင်း ဖြတ်ထုတ်ပြီးသွားရင်တော့ ကျနော်လိုချင်တဲ့ အလယ်က အပိုင်းလေးကို အောက်ကပုံလေးအတိုင်း မျှားနီနဲ့ ပြထားသလို မောက်စ်နဲ့ ဖိဆွဲပြီး ရှေ့ က ဖြတ်ထားပြီးသား video အပိုင်းနဲ့ သွားဆက်ပေးလိုက်ပါတယ်..။ မောက်စ်က အောက်ကပုံမှာ မြင်ရတဲ့ လက်ပုံလေးအတိုင်း ပေါ်နေရင် video ဖိုင်တွေကို ရှေ့နောက် ဆွဲယူလို့ ရပါတယ်..။



အပေါ်ပုံလေးအတိုင်း ဖြတ်ထားပြီးသား video ဖိုင်လေး ၂-ခုကို ဆက်ပေးပြီးရင်တော့ အဲ့ဒီဆက်ထားတဲ့ အပိုင်း ၂-ခု ကြားမှာ video effect လေးတခုကို ကြည့်လို့ကောင်းအောင် ထည့်ပေးဖို့လိုပါတယ်..။ ဒါကြောင့် အောက်ပုံလေးအတိုင်း Effects တွေရှိတဲ့နေရာကို သွားပြီး effect တခုကို မောက်စ်နဲ့ဆွဲယူထည့်ပေးလိုက်ပါတယ်..။



အပေါ်ပုံအတိုင်း effect လေးတခု video ၂-ခု ကြားမှာ ထည့်ထားပြီးရင်တော့ Modify ကို နှိပ်ပြီး အနည်းငယ် ပြောင်းပေးလိုက်ပါ..။ အချို့ Effects တွေက Modify လို့ရပေမယ့် တချို့ Effects တွေကျပြန်တော့ ပေးထားတဲ့အတိုင်းပဲ အသုံးပြုလို့ ရတာပါ..။ Modify လို့ မရပါဘူး..။ ကျနော်ရွေးထားတဲ့ effect လေးကို အောက်ကပုံလေးအတိုင်း cross ကိုပြောင်းပြီး OK နဲ့ Modify ပေးလိုက်ပါတယ်..။




အပေါ်ပိုင်းပုံနဲ့ယှဉ်ကြည့်ရင် မသိမသာလေး ပြောင်းလဲသွားတာကို မြင်ရပါလိမ့်မယ်..။ Effect ကို Modify ပြီးရင်တော့ အောက်ကပုံလေးအတိုင်း အဲ့ဒီ Effect ထည့်ပြီး ဆက်ထားတဲ့ video ဖိုင်လေး ၂-ခုနေရာကို play ကြည့်ခြင်းဖြင့် ဒီ effect လေးရဲ့ အသုံးဝင်ပုံ အလုပ်လုပ်ပုံတွေကို သိရှိရမှာဖြစ်ပါတယ်..။


ဒီနေ့ပိုစ့် အပိုင်းတစ် ကတော့ ဒီလောက်ပါပဲ..။ နောက်နေ့မှာ သီချင်း mp3 or wav ဖိုင် ထည့်တာနဲ့ သီချင်းစာသားတွေ ဖန်တီးထည့်တာတွေကို လေ့လာခါစ စာဖတ်သူများ လုပ်တတ်အောင် ဆက်လက် ဖေါ်ပြပေးသွားပါအုန်းမည်..။ အားလုံးပဲ လေ့လာရင်း အလွယ်တကူ တတ်မြောက်နိုင်ကြပါစေ..။
 လွင်မင်းဗိုလ် (နည်းပညာ) မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်...။